ကလေးတွေကို အကျိုးရှိတဲ့လက်ဆောင်များပေးဖူးကြသလား

ကလေးတွေကို အကျိုးရှိတဲ့ လက်ဆောင်လေးများ ပေးဖူးကြလား


ဒေစီတို့အနေနဲ့ ကလေးတွေကို
လက်ဆောင်ပေးမယ်လို့
စဉ်းစားလိုက်ရင်ပေးစရာ
ပစ္စည်းတွေက အများကြီးရယ်ပါ။
အခုခေတ်မှာ ကလေးအသုံးအဆောင်ပစ္စည်းတွေ
ပေးစရာမှပုံလို့။
ဘယ်ပစ္စည်းလေးတွေက
ကလေးတစ်ယောက်အတွက်ဘယ်လောက်အထိ
အသုံးဝင်သလဲ ဆိုတာတော့
သိပ်မစဉ်းစားမိကြဘူး မဟုတ်လား။

 

ကလေးတစ်ယောက်အတွက်
အသုံးအဝင်ဆုံးပစ္စည်းဟာ
သူ့ရဲ့အနာဂတ်ကို မြှင့်တင်ပေးတဲ့ ပစ္စည်းလို့ဆိုရင်လည်း မ မှားပါဘူး။
ပညာရေးနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ
ဉာဏ်ရည်ဉာဏ်သွေး အတွက်
အထောက်အကူဖြစ်စေမဲ့
ပစ္စည်းလေးများပေးလိုက်ရင်
ဘယ်လောက်တောင်အသုံးဝင်သွားလိုက်မလဲ။

 

ကလေးက ကိုယ်ပေးတဲ့ လက်ဆောင်လေးကို
ကောင်းမွန်စွာအသုံးချပြီ
ထက်မြတ် တိုးတက်လာတာကိုမြင်ရရင်
ပေးတဲ့သူအဖို့မှာလည်း
အင်မတန်မှ ပီတိဖြစ်စေပါတယ်။
ကလေးတွေကိုချစ်တယ်ဆိုရင်
လက်ဆောင်ပေးတဲ့အခါမှာလည်း
သူတို့အတွက်ရေရှည်အသုံးဝင်စေမဲ့
ပစ္စည်းလေးတွေကို ရွေးချယ်ပြီး ပေးကြပါလို့
ဒေစီအနေနဲ့ အကြံပြုပါရစေရှင်။

 

ကလေးတွေအတွက် လက်ဆောင်ဘာပေးရမှန်းမသိဘူး ဆိုပြီး
စဉ်းစားရခက်နေသူများအတွက်
ဒေစီရဲ့ အကြံပြုချက်က
တစ်ထောင့်တစ်နေရာက အဆင်ပြေတယ်ဆိုရင်ပဲ
ဒေစီကျေနပ်ပါတယ်။

 

ချစ်ခြင်းများစွာဖြင့်

Daisy